Pages

Pages

ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား ကျောင်းသူ (၅၈၉) ဦး ဝင်ရောက်ဖြေဆို





MNP ၊ မတ်  ၁၄

 ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ  စုစုပေါင်း ၅၈၉ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။


 ပေါက်တောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၅) ခုဖွင့်လှစ်၍ ကျင်းပခြင်းဖြစ်ပြီး အထက(ပေါက်တော) စာစစ်ဌာနတွင်ဖြေဆိုသူ ၃၇၂ ဦး၊ အထက(မြို့မ) စစ်ဌာနတွင်ဖြေဆိုသူ ၂၇ ဦး၊ အထက(ဆင်တက်မော်)စာစစ်ဌာနတွင်ဖြေဆိုသူ ၇၃ ဦး၊ အထက(ကျောက်တောင်)စာစစ်ဌာနတွင် ဖြေဆိုသူ ၆၈ ဦးနှင့် အထက(မြင့်ဂါ) စာစစ်ဌာနတွင် ၄၉ ဦးစုစုပေါင်း (၅၈၉)ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။


ပေါက်တောမြို့နယ်အတွင်းရှိ ကျောင်း သားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment