Pages

Pages

ဇမ္ဗူသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို


MNP ၊ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ယနေ့ နေ့လယ်ပိုင်းတွင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး)၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။


ထိုသို့ ဖြေဆိုနေမှုများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲ ကြီးကြပ် ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ် ဆောင်ရွက်ကြသည်။ အဆိုပါ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် အကြီးတန်း ဝင်ရောက် ဖြေဆိုသူ သံဃာ (၉ ) ပါး၊ အလတ်တန်း ဝင်ရောက်ဖြေဆိုသူ  သံဃာ (၄) ပါး၊ လူပုဂ္ဂိုလ် (၁) ဦး၊ အငယ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၂၅) ပါး၊ အခြေပြုမူလတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၃၆) ပါး၊ လူပုဂ္ဂိုလ် (၁) ဦး၊ စုစုပေါင်း စာဖြေသံဃာ (၇၄) ပါးနှင့် လူပုဂ္ဂိုလ် (၂) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။


ဟိန်းသူအောင်

 https://t.me/MyanmarNationalPost








No comments:

Post a Comment