Pages

Pages

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲကျင်းပ



MNP ၊ မတ်  ၉

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မေတ္တာကမ်းလက်အမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်ရီရီသန်းက အမျိုးသမီးများ အနေဖြင့် နိုင်ငံရေး ၊စီးပွါးရေး၊ လူမှုရေးကဏ္ဍများတွင် ပြည်ထောင်စုအဆင့်အထိ အမျိုးသမီးများ ဦးဆောင် နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသူများက ၎င်းတို့နေ့စဉ်လူနေမှုဘဝတွင် ကြုံတွေ့ နေရသည့် လူမှုရေး ၊စီးပွါးရေးအခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းခဲ့မှုများကို စိတ်ပါ ဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment