Pages

Pages

ဂွမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များ ကာယဉာဏ်ဏဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး





MNP ၊ မတ်  ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များအနေဖြင့် ကာယဉာဏ်ဏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ  ဆောင်ရွက်ပေးလျက်ရှိရာ ယ‌နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်‌သွေးဘက်စုံဖွံ့ဖြိုး တိုးတက်လာရေးနှင့် စာဖတ်စွမ်းရည်မြှင့်တင်စေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။


ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ် ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရေး၊ ဉာဏ်ရည်ဉာဏ်‌သွေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေ‌ ပျော်ရွှင်စေရေးအတွက်  ဉာဏ်စမ်းဂိမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပဟေဠိကတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း စသည့်အစီအစဥ်များ ကျင်းပပေးခြင်းဖြင့် ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment