ဆင်ပေါင်ဝဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး




MNP   -   မတ်   ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် ယမန်နေ့နံနက် ၈ နာရီ အချိန်က ချောင်းကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက ချောင်းကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိ၍ စာမေးပွဲအခန်းပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရေရရှိမှုအခြေအနေ၊ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေ၊ လျှပ်စစ်သုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို အကြံပြုပေးခဲ့ကြောင်း သိရှိရသည်။


ဆက်လက်ပြီး ​မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနတိုင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အသင့်အနေထားဖြင့် တာဝန်ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)