Pages

Pages

မုဒုံမြို့၌ (၁၃)ကြိမ်မြောက် အစိုးရဓမ္မာစရိယစာမေးပွဲစတင်ဖြေဆို


MNP ၊ မတ်  ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၁၃)ကြိမ်မြောက် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယနေ့နေ့လယ် ၁ နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။


မုဒုံမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲကို ၂၀၁၁ ခုနှစ်မှစ၍ မြို့နယ်သံဃနာယက၏ တင်ပြလျှောက်ထားချက်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်သာသနာရေးဦးစီးဌာနတို့၏ထောက်ခံချက်ဖြင့် မုဒုံစာစစ်ဌာနဖြေဆိုခွင့်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်နာယက ဘဒ္ဒန္တစန္ဒာသီရိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်းပြိုင်ဘုရားကျောင်းမှ ဆရာတော်ကြီးနှင့် ကြီးကြပ်ဆရာတော်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များက ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။


အစိုးရဓမ္မာစရိယ စာမေးပွဲပထမနေ့တွင် ပါရာဇိကကဏ္ဏပါဠိအဌကထာ(ပထမပိုင်း) ဘာသာရပ်ကိုစာရင်းရှိ သံဃာ ၁၄၉ ပါး၊ သီလရှင် ၁၅ ပါး၊ ပေါင်း ၁၆၄ ပါးရှိရာ ဖြေဆိုသံဃာ ၁၁၆ ပါး၊ သီလရှင် ၁၄ ပါး၊ ပေါင်း ၁၃၀ ပါးရှိပြီး စုစုပေါင်း ပျက်ကွက် ၃၄ ပါးရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မအုပ်ချုပ်ရေး မှူးများနှင့် အလှူရှင်များက ရက်အစဥ်အလိုက် ဆွမ်း၊ ဘောဇဥ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


သားငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment