Pages

Pages

အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ



MNP ၊ မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့သာသနာ့ဗိမာန်တော်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များမှ စာမေးပွဲ ကြီးကြပ် ဆရာတော်ကြီးများနှင့် စာဖြေသံဃာများကို နေ့ဆွမ်း၊ အချိုပွဲများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပရာ ပထမကြီးတန်း (၃)ပါး၊ ပထမလတ်တန်း (၆)ပါးနှင့် ပထမငယ်တန်း(၁၂)ပါး၊ အခြေပြုမူလတန်း(၂၁) ပါး စုစုပေါင်း (၄၂)ပါးတို့  ဝင်ရောက်ဖြေဆိုကြပြီး တိုင်းနှင့်မြို့နယ် ကြီးကြပ်ဆရာတော် (၁၃)ပါး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စာမေးပွဲကျင်းပနေစဉ် ကြီးကြပ်ဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈) ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။


မန်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment