တာချီလိတ်မြို့၌ ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ





MNP ၊ မတ်  ၂၀

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းကာလ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မဲခေါင်မြစ်ဝှမ်းဒေသ စီမံကိန်းဧရိယာအတွင်း ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဇော်က ဒေသခံများ အသုံးပြု လျက်ရှိသည့် ရေ၏အရည်အသွေး အခြေအနေနှင့် သုံးစွဲမှု နည်းစနစ်များ၊ သောက်သုံးရေနှင့် ရေညစ် ညမ်းမှုတို့အပေါ် သိရှိမှု အခြေအနေများ၊ ရေညစ်ညမ်းစေသည့် အကြောင်းအရာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်များ၊ မဲခေါင်ဒေသအတွင်း နိုင်ငံများအချင်းချင်း ရေသယံဇာတ လုံခြုံစိတ်ချစေမည့် နည်းစဉ်များ ဆောင်ရွက်ခြင်းအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အထောက်အပံ့ပေးသည့် အဖွဲ့အစည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ၂၀၂၂ စီမံကိန်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သစ်တောသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးဇော်အောင်က MLC Education on Water Safety Project စီမံကိန်းအကြောင်းနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အခြေခံမူများ၊ ရန်ပုံငွေများ၊ ငါးနှစ်တာလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံမှ နှစ်အလိုက် ရရှိခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းအကြောင်းအား တင်ပြဆွေးနွေးခဲ့သည်။


ဆက်လက်၍ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမောင်အေးက စီမံကိန်းဒေသအတွင်းရှိ မဲခေါင်မြစ်အတွင်း စီးဝင်သည့် မြစ်ချောင်းများနှင့် ရေသယံဇာတ အရင်းမြစ် အခြေခံများ၊ ရေအသုံးချမှုအခြေအနေနှင့် အခွင့်အလမ်းဖော်ထုတ်ခြင်း ဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း တာဝန်ခံ ဒေါက်တာ သီတာဆွေက မဲခေါင်မြစ်အတွင်း စီးဝင်သည့် မြစ်လက်တက် ချောင်းများ ၁၄ ချောင်းတို့၏ နေရာ ၁၇ နေရာကို ရွေးချယ်ကာ ရေနမူနာ ကောက်ယူစုဆောင်း၍ ဓါတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေနမူနာများ၏ ရေအရည် အသွေး ဓါတ်ခွဲတွေ့ရှိချက်များအား တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ ရေအရည်အသွေး သတ်မှတ်ပုံနှင့် ဓါတ်ခွဲစမ်းသပ်ချက်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် မွန်းလွဲ ၁ နာရီတွင် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံများအား ရေအသုံးချမှုအခြေအနေနှင့် အခွင့်အလမ်းဖော်ထုတ်ခြင်း ခေါင်းစဉ်ဖြင့် အုပ်စု သုံးအုပ်စုဖွဲ့၍ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညှိနှိုင်းဆွေးနွေးချက်၊ သုံးသပ်အကြံပြုချက်များအား အုပ်စုလိုက် ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)