Pages

Pages

ပေါက်တောမြို့နယ် ပြင်ကြီးကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်


MNP ၊ မတ်  ၂၀      

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြင်ကြီးကျေးရွာ၌ ရေဖူလုံစွာ ရရှိရန် ရည်ရွယ်၍ မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း ၊တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။ 


အဆိုပါ ပြင်ကြီးကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၅ ဒသမ ၃၃၈ သန်းဖြင့် ဓညဂုဏ်ရောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ၊  အနက် ၆ ပေ ရေကန်တူးဖော်ခြင်း နှင့် အရှည် ၇၀၀ ပေ ၊ အမြင့် ၅ ပေရှိ ခြံစည်းရိုးကာရံခြင်း နှင့် အရှည် ၆၀၀ ပေ၊အမြင့် ၅ ပေ ရှိသည်။ အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၈၃  ၊ လူဦးရေ ၃၇၆ ဦးသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိတော့မည့်ဖြစ်ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment