လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ



MNP ၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး တောင်ငူမြို့ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၈:၃၀)နာရီ အချိန်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး မူကြိုကျောင်းသားကျောင်းသူများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မူကြိုကျောင်းသား ကျောင်းသူလေးများက အခမ်းအနားသို့ ကြွရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် သားငယ် သမီးငယ်လေးများကို ပဒေသာကပွဲဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။


အဆိုပါမူကြိုကျောင်းတွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်၌ မူကြိုကျောင်းသားကျောင်းသူ (၁၀၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး  မူကြိုကျောင်းသားကျောင်းသူ (၅၃)ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း တောင်ငူခရိုင် လူမှုဝန်ထမ်းရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)