Pages

Pages

ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ





MNP ၊ မတ်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အားကစားခန်းမတွင် ယမန်နေ့ ညနေ ၃နာရီအချိန်က အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကားပြောကြားပြီး  သင်တန်းနည်းပြ ဂုဏ်ပြုလက်မှတ်များကို နည်းပြများအား ပေးအပ်ခဲ့သည်။  ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးနှင့်တာဝန်ရှိသူများက  တူညီဝတ်စုံများ နှင့်  သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ထို့နောက် တက်ရောက်လာသောသင်တန်းသား၊ သင်တန်းသူ လေးများက သင်တန်းတွင် လေ့ကျင့်သင်ကြားပေးသော အားကစားများအလိုက် ပြန်လည် လက်တွေ့သရုပ်ပြသခဲ့ကြသည်။


အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံအားကစားနည်းများဖြစ်သော ဘောလုံး ၊ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊အေရိုးဗစ်စသည့် အခြေခံကစားနည်းများ(၆)မျိုးကို ရွှေတောင်မြို့နယ် အားကစားကွင်းတွင် (၁၅၀)ဦး၊  ကံသုံးဆင့်အထက(ခွဲ)ကျောင်းတွင်(၈၉)ဦးနှင့် ခလရ (၁၄)အလကကျောင်းတွင်(၈၁)ဦးတို့အား  ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment