မအူပင်မြို့တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား


MNP ၊ မတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) သင်ကြားပို့ချခြင်းကို ယနေ့မွန်းလွဲပိုင်းက ဖွင့်လှစ်သင်ကြားသည်။


ရှေ့ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ယခုလိုပန်းချီပညာကို စိတ်ပါဝင်စားစွာ လာရောက်တက်ရောက် ကြသည့်အတွက် များစွာဝမ်းမြောက်ကြောင်းနှင့် မိမိဘက်မှလည်း ပန်းချီအခြေခံပညာအား စာတွေ၊ လက်တွေ့ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား မတ်လ(၂၀)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့ အထိ (၁၀)ရက်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ အယောက် (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)