Pages

Pages

ပေါက်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ(မူလတန်းအဆင့်) ဖွင့်ပွဲပြုလုပ်




MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် အခြေခံပညာဦးစီးဌာန  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(မူလတန်းအဆင့်) ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က-ပေါက်တောကျောင်းစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအေးသိန်းက သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးသန့်က သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါသင်တန်းကို ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ  မူလတန်းပြဆရာ၊ ဆရာမ ၉၅၄ဦး တက်ရောက်လျက်ရှိကြပြီး နည်းပြ ဆရာ၊ ဆရာမ ၅၈ ဦးတို့က နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ  သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းကာလမှာမတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment