Pages

Pages

အသက်မွေးဝမ်းကျောင်းပညာအဖြစ် အခြေခံစက်ချုုပ်ပညာ (အခမဲ့) သင်တန်း ဖွင့်လှစ်



MNP ၊ မတ်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက စတင်၍ အသက်မွေးဝမ်းကျောင်းပညာအဖြစ် အခြေခံ စက်ချုပ်ပညာ(အခမဲ့)ကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်လှစ်ရခြင် းရည်ရွယ်ချက်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ပြောကြားရာတွင် အမရပူရမြို့သည် စက်ယက္ကန်းပေါများသည့် မြို့ဖြစ်သည့်အလျောက် ပုဆိုး၊လုံချည်များ ချုပ်တတ်လျှင် အပိုဝင်ရသည့် လုပ်ငန်းဖြစ်နေ၍ ယခုလိုအခြေခံစက်ချုုပ်ပညာကို တတ်ကျွမ်းသည့်နည်းပြကို ခေါ်ယူသင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နည်းပြဒေါ်နေခြည်စိုးက အခြေခံအဖြစ် ခြေနည်းနည်း၊ အပ်ချည်မပါတစ်ချောင်းထိုး၊ အပ်ချည်ပါတစ်ကြောင်းထိုးစသည့် အခြေခံကစ၍ ကွက်ထပ်၊ကွက်ညှပ်ညီစေရန် အခြေခံကျသည့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယခုသင်တန်းတွင်သင်တန်းသူ ၁၂ ဦး တက်ရောက်ခဲ့ပြီး အခြေခံပညာအဖြစ် ငါးရက်တာသင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကာလအတွင်း သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment