Pages

Pages

ကျောက်ဖြူမြို့၌ (၇၈)နှစ်မြောက် တပ်တော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေ





MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ်၊    ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့ မွန်းတည့်    ၁၂ နာရီက ကျောက်ဖြူ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေသည့် စာစစ်ဌာနများသို့သွားရောက်၍ စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများအား (အခမဲ့)ဖြန့်ဝေပေးသည်။

      

 အဆိုပါ    (၇၈) နှစ်မြောက်    တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်တွင်  (၇၈)နှစ်မြာက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂)ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊  ဖိုးလေးလုံးသောင်းကိုကို   ရေးသားသည့်      ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော် ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ် ချက်၊  နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ ဆောင်ပါးနှင့် တပ်မတော် ၏  ဆောင်ပုဒ်များဖြင့်ဝေဝေဆာဆာဖေါ်ပြပါရှိကြောင်း သိရသည်။    

တင်ထွန်းဦး 

 https://t.me/MyanmarNationalPost





No comments:

Post a Comment