နတ်မောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသား/ ကျောင်းသူ (၁၄၃)ဦး ဝင်ရောက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသား/ ကျောင်းသူ (၁၄၃)ဦး ဝင်ရောက်ဖြေဆို


MNP ၊ မတ်  ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်  ၉ နာရီအချိန်မှစတင်၍ ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ ပထဝီဝင်ဘာသာရပ်ကို စိတ်အေးချမ်းသာစွာ  ဖြေဆိုလျက်ရှိသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နတ်မောက်မြို့နယ်တွင် စာစစ်ဌာနအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် ဖွင့်လှစ်ပြီး ဖြေဆိုရန် လျှောက်ထားသူ (၆၁၅) ဦးအနက် ပထဝီဝင်ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့်  ကျောင်းသား(၅၁)ဦးနှင့် ကျောင်းသူ(၉၂)ဦး စုစုပေါင်း (၁၄၃)ဦး ဖြေဆိုခဲ့ကြပြီး  ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် (၉၄ ဒဿမ ၇၀)ရာခိုင်နှုန်းရှိကြောင်း သိရသည်။


“သမီးကတော့ ဖြေဆိုထားတဲ့ ဘာသာရပ်အားလုံးဖြေနိုင်ပါတယ်၊ ဘာသာရပ်တိုင်းမှာ မေးထားတဲ့ မေးခွန်းများကလည်း သမီးတို့ကျက်ထားတာနဲ့ တိုးပါတယ်၊ ဘာသာရပ်တိုင်းဆိုပေမယ့် သင်္ချာဘာသာရပ်မှာတော့ အောင်မှတ်ကျော်ကျော်လေးဘဲ မှန်းလို့ရပါတယ်၊ မြို့နယ်ကအကြိုဆန်း စစ်ချက်စာမေးပွဲမှာတော့ သင်္ချာဘာသာရပ်ကို (၉၉)မှတ်အထိဖြေဆိုခဲ့ပြီး ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များကိုတော့ (၈၀)ကျော် ဖြေဆိုနိုင်ခဲ့ပါတယ်၊ ဒီတက္ကသိုလ်ဝင် စာမေးပွဲကြီးမှာလည်း  ဂုဏ်ထူးနှစ်ဘာသာထွက်နိုင်ဖို့ မျှော်မှန်းထားပါတယ်ဟု”  စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသူတစ်ဦးထံမှ သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)