တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ







MNP ၊ မတ်  ၂၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန် ကြိုးကြာကွင်းကျေးရွာအုပ်စု ၊ မှန်နီကျေးရွာရှိ သုခိတာရာမကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။


ရှေ့ဦးစွာ ခရိုင်မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့် မားလာရေးအတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့်အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပု နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာ အောင်မိုးမင်း တို့က မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည် ရန်ပုံငွေ ပေးအပ်ရသည့်ရည်ရွယ်ချက်များနှင့် ဆောင်ရွက် မည့်လုပ်ငန်း အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ ခရိုင်မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးကျော်မြင့်လှိုင် က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း(၆၀၀)ကို မှန်နီကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီသို့ ပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသာထွန်းစိန် ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


အဆိုပါ မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေကျပ်သိန်း(၆၀၀)ကို အဖွဲ့ဝင် တစ်ဦးလျှင် ကျပ်(၆)သိန်းနှုန်းဖြင့် အဖွဲ့ဝင်(၁၀၀)ဦးသို့ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ထုတ်ချေးငွေများအား မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ)တွင် အရင်းမပျောက်မတည်ငွေများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မိုးမင်းထံမှသိရသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)