Pages

Pages

ပိုင်ကျုံမြို့ ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများအား နွေရာသီကာလ ပူပြင်းခြောက်သွေ့သည့်အချိန်တွင် မီးလောင်မှုဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးငြိမ်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က ပိုင်ကျုံတိုက်နယ်ဆေးရုံ၊ လမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး မီးချိတ်၊ မီးကပ်အသုံးပြုပုံ အသုံးပြုနည်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံနည်းစနစ်များနှင့် ကြာရှည်ခံအသုံးပြုနိုင်ရေး နည်းလမ်းများကို သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများတို့အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ထို့သို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိ၏ ရုံးဌာနတွင် မီးဘေးလုံခြုံရေး နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်အချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာ ဗဟုသုတ ပိုမိုရရှိစေပါကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment