Pages

Pages

ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ အခြေခံရုံးသုံး ကွန်ပျူတာသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်


MNP ၊ မတ်  ၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အခြေခံရုံးသုံး ကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကွန်ပျူတာပညာသည် လူတိုင်း တတ်ထားသင့်သည့် ပညာရပ်ဖြစ်သလို စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့လိုကြောင်း၊ ယနေ့ခေတ် အလုပ်ခွင်များတွင် ကွန်ပျူတာကို မဖြစ်မနေ အသုံးပြုလာသည့်အတွက် လူငယ်များ အလုပ်ခွင်ဝင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို စီစဉ်ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများက သင်တန်းစည်းများ၊ သင်တန်းအချိန်များနှင့် သင်ကြားပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို မတ် ၇ ရက်နေ့မှ ဧပြီ ၆ ရက်နေ့အထိ သင်တန်းသား သင်တန်းသူ ၃၀ ဦးအား Microsoft Word၊ Excel၊ Power Point၊ Pagemaker စသည့် အခြေခံရုံးသုံး ကွန်ပျူတာသင်ခန်းစာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment