Pages

Pages

ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာနငါးခုဖွင့်လှစ်ထား၍ ကျောင်းသားကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်း




MNP   -   မတ်   ၃

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊  ပေါက်တောမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


 ပေါက်တောမြို့နယ်အတွင်း စာစစ်ဌာန ငါးခုဖွင့်လှစ်ထားပြီး အထက(ပေါက်တော)စာစစ်ဌာနတွင် ၄၄၄ဦး ၊အထက(မြို့မ)စာစစ်ဌာနတွင် ၁၉၄ ဦး၊အထက (ကျောက်တော်)စာစစ်ဌာနတွင် ၁၅၄ ဦး အထက(မြင့်ဂါ)စာစစ်ဌာန တွင်၁၂၀ဦး၊ အထက(ဆင်တက်မော်)စာစစ်ဌာနတွင်၂၄၁ ဦး စုစုပေါင်း ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment