Pages

Pages

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး




MNP ၊ မတ်  ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ရုံးဝန်ထမ်းများက ယနေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်တိုင်းရင်းဆေးကုသဌာနသို့ သွားရောက်၍စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။ 


     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံး ဝန်ထမ်းများကစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့်သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊  စသည့်စာအုပ်၊စာစောင်များဖြင့်ကွင်းဆင်းပြီး မြို့နယ်တိုင်းရင်းဆေးကုသဌာန ဝန်ထမ်းများအားအခမဲ့ ငှားရမ်းပေးခဲ့သည်။


   မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ် စာစောင် အခမဲ့ ငှားရမ်းပေးခြင်းကိုအပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment