Pages

Pages

ကိုဒီဂတ်ပိုကို ခေါ်ယူဖို့ အရမ်းကို နီးစပ်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့ လိဒ်ယူနိုက်တက်ဥက္ကဌ ရာဒရစ်ဇာနီ



MNP - မတ်  ၃


လိဒ်ယူနိုက်တက်အသင်းဥက္ကဌ ရာဒရစ်ဇာနီ က လီဗာပူးလ်အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့သွားတဲ့ နယ်သာလန်တောင်ပံကစားသမား ကိုဒီ ဂတ်ခ်ပိုနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ကိုဒီ ဂတ်ခ်ပို ကို ခေါ်ယူဖို့ အရမ်းကို နီးစပ်ခဲ့ပါတယ်၊ သြဂုတ်လ နောက်ဆုံးနေ့တွင် PSVအသင်းနဲ့လည်း ဆွေးနွေးမှုပြုလုပ်ခဲ့တယ်၊ ပြီးတော့ ဗန်ဟားလ်ကြောင့် အားလုံးပြိုလဲသွားတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ရာဒရစ်ဇာနီက “ဗန်ဟားလ်က ဂတ်ခ်ပို ကို ခေါ်ပြီး ကမ္ဘာ့ဖလားအပြီးထိ စောင့်ဖို့ ပြောခဲ့တယ်၊ ပြီးတော့ သူက လီဗာပူးလ်အသင်းကို ပြောင်းသွားခဲ့တယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment