Pages

Pages

ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်





MNP ၊ မတ်  ၁၇

    ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဝန်ထမ်းများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကိုသိရှိနားလည်စေခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ် အခန်း(၅)ပါ လစာသတ်မှတ်ခြင်းတွင် ကနဦးလစာနှင့် နှစ်တိုးလစာအကြောင်းနှင့် ပတ်သက်၍ ၀န်ထမ်းများနားလည်သဘောပေါက်စေရန်အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


    ယင်းနောက် ဒုတိယဦးစီးမှူးဦးဝင်းမင်းစိုးက အခန်း(၁၄)ပါ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများ၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများအကြောင်းကို ဖတ်ကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်​ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment