Pages

Pages

အမ်းမြို့နယ် တပ်တောင်မြို့၌ မီးဘေး အန္တရာယ်ဆိုင်ရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်




MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင်မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် စျေးပတ်ဝန်း ကျင်ရှိ စျေးဆိုင်ခန်းများ၊ စျေးရောင်းချနေသူများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


 အဆိုပါ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းကို တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦး

ပြည့်ဖြိုး ဦးဆောင်၍နယ်မြေခံမီးသတ်တပ် ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊  စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ် ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း ပါဝင်၍  မီးဘေးအန္တ ရာယ် ကင်းဝေးစေရန် ဆောင်ရန် ရှောင်ရန် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိ ပညာပေးခြင်း၊နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေး ဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်း နွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန် ကွင်းဆင်းအသိပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment