MNP ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ဖမ်းဆီးရမိ အကြမ်းဖက်သမားတချို့နှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ၂၀-၃-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်၊ ပေါက်ငယ်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကလေးမြိုပေါ် ရပ်ကွက်များတွင် မြိုသူ/သားများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးသိမ်းသွင်းခြင်း၊ အစိုးရဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးသိမ်းသွင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မိုးထက်ကျော်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ကလေးမြို့နယ်၊ မင်းလှကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြိုသူ/သားများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးသိမ်းသွင်းခြင်း၊ အစိုးရဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးသိမ်းသွင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ရင်မင်းထင်(ခ)မင်းထက်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂) နှစ်၊ ကလေးမြို့၊ ကျွန်းသုံးပင်ခင်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအား နေအိမ်အတွင်းတွင် လက်ဝယ်ထားရှိခဲ့သူ တရားခံ ထန်းလျင်ပေါင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့် စာသားများ၊ မဟုတ်မမှန်သတင်းများအာ ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ အောင်ရဲနောင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ရေဦးမြို့နယ်၊ မုတ်စီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းခဲ့ပြီး အကြမ်းဖက်သင်တန်းသို့ တက်ရောက်ခဲ့သူ တရားခံ အေးနှင်းဖြူ(ခ)ရွှေဂဲအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
တမူးမြို့၊ မြို့မ(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအား နေအိမ်အတွင်းတွင် လက်ဝယ်ထားရှိခဲ့သူ တရားခံ မကျိန်နူး(ခ)ညောင်စမ်းကျိန် အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ ကျောင်းတော်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်ပိုင် အဆောက်အဦဖြစ်သော ရတနာပုံတံတားအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သူ တရားခံ တင့်ဇော်မိုး(ခ) စနေအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment