Pages

Pages

ထားဝယ်မြို့တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃ခုနှစ်) အကြို အထိမ်းအမှတ် မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်




MNP ၊ မတ်  ၈

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Myanmar Health Sciences Conference 2023)အကြို အထိမ်းအမှတ်အဖြစ် မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များထောက်ပံ့ပေးအပ်ပွဲကို ထားဝယ်မြို့၊ ရတနာမာန်အောင် သီလရှင်စာသင်တိုက်၌ ယမန်နေ့က ကျင်းပသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးဦးဆောင်မှုဖြင့် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသူဇာ၊ မျက်စိကုသဆောင်တာဝန်ခံဆရာဝန် ဒေါက်တာဆွေဇင်သင်းနှင့် အထူးကုဆရာဝန်များက ရတနာမာန်အောင်၊ သီလရှင်စာသင်တိုက်ရှိ သီလရှင်များနှင့် ထားဝယ်မြို့ပေါ်ရှိ သီလရှင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ မျက်မှန်များနှင့် လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး သီလရှင်များအား မျက်မှန်များ တပ်ဆင်ပေးကာ သီလရှင်(၁၂၀)ဦးအား မျက်မှန်များ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment