Pages

Pages

သိန္နီမြို့ ဓာတ်တော်စေတီအနီးတွင် ဂါလံ ၃၀၀၀၀ ဆန့် ရေစုကန်တည်ဆောက်


MNP   -   မတ်   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ရှိ ဓာတ်တော်စေတီအနီးတွင် ပြည်သူများ ရေလုံလောက်စွာ ရရှိစေရေး အတွက် အလျား (၃၀×၂၀×၈) ပေရှိ ဂါလံ ၃၀၀၀၀ ဆန့် ရေစုကန်အား တည်ဆောက်လျက်ရှိသည်။


အဆိုပါ ရေစုကန်အား ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထ(သုံးလပတ်) စည်ပင်သာယာရေးဌာန ရန်ပုံငွေမှ ငွေကျပ်(၂၆၆) သိန်းဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ စည်ပင်သာယာရေးဌာနအနေဖြင့် ပြည်သူများ ရာသီမရွေး သုံးစွဲရေလုံလောက်စွာ ရရှိစေရေးအတွက် ကောင်းမှုထက်စေတီအနီးရှိ ရေထွက်ပေါက်မှ သွယ်တန်း၍ ရပ်ကွက်(၁)၊ (၂)ရှိ အိမ်များသို့ ပေးဝေ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ ရေစုကန် တည်ဆောက်ပြီးစီးပါက အိမ်ခြေ (၁၅၀)ခန့်အား ရေလုံ လောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment