Pages

Pages

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်




MNP ၊ မတ်  ၂၀

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာရှိ အောင်မင်္ဂလာ မြတ်ဗုဒ္ဓစွယ်တော်ပွား စေတီတော်တွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မျိုးမြင့်ဦးစီး၍ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များမှ စေတီတော်ပရဝဏ်ရှိ အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို အင်းအား ၁၀၀ ခန့် စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment