Pages

Pages

ဂွမြို့နယ် ကျောက်ခေါင်းကွင်းကျေးရွာတွင် ကျေးရွာ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စေတီကွင်းကျေးရွာအုပ်စု ကျောက်ခေါင်းကွင်းကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့က တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၁.၇၆သန်း) ဖြင့် စေတီကွင်းကျေးရွာအုပ်စု ကျောက်ခေါင်းကွင်းကျေးရွာတွင် ကျေးရွာကော်မတီမှဆောင်ရွက်သည့် (၃၀ပေ၊ ၂၄ပေ၊ ၁၀ပေ)အတိုင်းအတာရှိသည့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment