ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ခရိုင်အဆင့်အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ခရိုင်အဆင့်အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ ကျင်းပ





MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မောင်တောခရိုင် ပညာရေးမှူး ဦးချစ်သိန်းက သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးစိန်ထွန်းနှင့် လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်းတို့က သင်တန်းစည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ ၊ ဆရာမ ၂၂၆ ဦး နှင့် အလယ်တန်းပြဆရာ၊ဆရာမ ၉၅၆ ဦး စုစုပေါင်း ၁၁‌၈၂ ဦး တက်ရောက်လျက်ရှိပြီး နည်းပြ ၄၁ ဦးကသင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းကာလမှာမတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)