MNP ၊ မတ် ၁၆
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး က အမှာစကားပြောကြားပြီး နောက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့် က မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ကာ ကလေးသူငယ်ဥပဒေများကို ပြဌာန်းပြီး ကလေးသူငယ်အခွင့်အရေးများကိုကာကွယ်စောင့်ရှောက် နေမှုများ ၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကိုအဆင့်ဆင့် ဖွဲ့စည်း၍ ကာကွယ်ဆောင်ရွက်နေမှုနှင့် ပြစ်မှုကျူး လွန်ပါကကျခံရမည့် ပြစ်ဒါဏ်များကိုရှင်းလင်းဆွေးသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အိအိငြိမ်းနှင့်အဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ၊ ဆရာ ၊ ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment