Pages

Pages

စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗဒေ ဘာသာရပ်အား ဖြေဆိုသူ (၇၆၃)ဦး ဝင်ရောက်ဖြေဆို


MNP ၊ မတ်  ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ မတ်လ ယနေ့ ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ ဖြေဆိုသူပေါင်း (၇၆၃)ဦးရှိကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်း၌ ယခုနှစ်တွင် စာမေးပွဲဖြေဆိုရန် စာစစ်ဌာန (၅)ခုဖြင့် နံနက် ၉ နာရီအချိန်မှစ၍ ရူပဒေဘာသာရပ်အား စလင်းမြို့ အခြေခံပညာအမှတ် (၁)ကျောင်းတွင် အတွင်းအပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၉၇)ဦး၊ အ.ထ.က ဆင်ဖြူကျွန်း အခြခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၉၁)ဦး၊ အ.ထ.က တညောင်အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၄၃)ဦး၊ စလင်းမြို့နယ် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် (၁၄)ဦး၊ လင်းဇင်း အခြေခံပညာအထက်တန်း ကျောင်းတွင် (၁၈)ဦး၊ စုစုပေါင်း(၇၆၃)ဦး ဝင်ရောက်ဖြေဆိုကြပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုနေသူများအား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲများနှင့် ရပ်မိရပ်ဖများက တာဝန်ယူစောင့်ကြပ်ကာဖြင့် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်လျက်ရှိပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ (၈၀၅)ဦး စာရင်းပေးသွင်းခဲ့ရာမှ ပျက်ကွက်သူဦးရေ (၄၂)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment