Pages

Pages

တပ်ကုန်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့တွင် ရဟန်း၊ သာမ‌ဏေ၊ သီလရှင် ၂၂၆ ပါး ဖြေဆို


MNP ၊ မတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပ သည့် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ကို ဗိုလ်မင်း‌ရောင်ရပ်ကွက်ရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့်အောင်ဆန်းခန်းမတို့တွင် ယမန်နေ့ မွန်းတည့် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသည်။


ပါဠိပထမပြန်စာမေးပွဲ တတိယနေ့တွင် ပထမကြီးတန်း ၃၆ ပါး၊ ပထမလတ်တန်း ၁၉ ပါး၊ ပထမ ငယ်တန်း ၄၅ ပါး၊ အခြေပြုမူလတန်း ၁၂၆ ပါး၊ စုစုပေါင်း ၂၂၆ ပါး ဖြေဆို‌တော်မူကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။


တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်း လျက်ရှိကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment