Pages

Pages

ကျောင်းကုန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆို



MNP ၊ မတ်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အ‌ခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာကို ယမန်နေ့ နံနက် ၉ နာရီအချိန် အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြသည်။


ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းတွင်းနှင့် ကျောင်းပြင်ကျောင်းသား (၃၄၀)ဦးနှင့် ကျောင်းသူ (၄၃၄)ဦး စာရင်းရှိ(၇၇၄)ဦးတွင် ကျောင်းသား (၃၀၁)ဦးနှင့် ကျောင်းသူ (၄၁၅)ဦး စုစုပေါင်း (၇၁၆)ဦး ဝင်ရောက်‌ဖြေဆို ခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၅၁) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။


ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က ဂုန်မင်း၊ အ.ထ.က အစုကြီး၊ အ.ထ.က ချောင်ကြီး၊  အ.ထ.က တံခွန်တိုင်၊ အ. ထ.က ဒေါင့်ကြီး၊ အ.ထ.က ပေါက်ဆိန်ပဲ့၊ အ.ထ.ကဝက်ခြံဂရက်၊ အ.ထ.က လှည်းဆိပ်နှင့် အ.ထ.က(ခွဲ) အောက်ပိုင်းကျောင်း စသည် အခြေခံပညာအထက်တန်း ကျောင်း(၁၁)ကျောင်း၌ ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment