Pages

Pages

ပဲနီလုံးများ စတင်ရိတ်သိမ်းရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ တောင်သူများအဆင်ပြေ


MNP ၊ မတ်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် စိုက်ပျိုးထားရှိသည့် ပဲနီလုံး (အထွက်တိုးမျိုး)များကို စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန်ခြင်း ကြောင့် ပဲနီလုံးစိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေလျှက်ရှိကြောင်းသိရှိရသည်။


ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် အထွက်တိုးပဲနီလုံးများကို ရွေးချယ်စိုက်ပျိုးလျှက်ရှိကြကြောင်း၊ တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပြီး တပိုတွဲလနှင့် တပေါင်းလများတွင် ရိတ်သိမ်းကြကြောင်း၊ (၁)ဧကလျှင် မျိုးစေ့ (၂၀)ပြီနှင့် ထွန်ယက်ခအပါ (၃)သိန်းခန့် ကုန်ကျမှုရှိကြောင်း၊ (၁)ဧကလျှင် တင်း(၃၀)ခန့် ထွက်ရှိကြောင်း၊ ယခုလက်ရှိဈေးတွင် (၁)တင်းလျှင် ငွေကျပ်(၄၅၀၀၀)ကျပ်ရှိ၍ ကုန်ကျစရိတ်နှုတ်ပြီး အမြတ်ငွေ(၁၀)သိန်းကျော် ရရှိကြောင်း ပဲစိုက်တောင်သူ ဒေါ်ဝင်းမော်ထံမှသိရှိရသည်။


မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲမျိူးစုံ (၃၇၀၂၅)ဧကကို လျှာထားချက်မီ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။


အောင်စိုးဖေ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment