Pages

Pages

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ ကျောင်းသား/ကျောင်းသူ (၄၀၅)ဦး ဝင်ရောက်ဖြေဆိုမည်


MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၅) ဦးဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဂွမြို့နယ်အနေဖြင့် အ.ထ.က (ဂွ)စာစစ်ဌာနတွင် အလွတ်ဖြေ  ကျောင်းသား/ကျောင်းသူ (၁၇၆) ဦး ၊ အ.ထ.က(ဆပ်သွား)စာစစ်ဌာနတွင် အလွတ်ဖြေကျောင်းသား/ကျောင်းသူ(၁၃၀)ဦး၊ အ.ထ.က-ကျိန္တလီ စာစစ်ဌာနတွင်(၉၉)ဦးဖြစ်ပြီး စာစစ်ဌာန(၃)တွင် စုစုပေါင်း အလွတ်ဖြေကျောင်းသား/ကျောင်းသူ (၄၀၅) ဦးဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment