Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ လူငယ်များဘက်စုံပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၁၆

       ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်များဘက်စုံပညာရပ်များ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံကွန်ပျူ တာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နေ့လယ် ၁၂ နာရီအချိန်က စတင်ကာ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။


   သင်တန်းဖွင့်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက ကျောင်းသားလူငယ်များ ဘက်စုံပညာများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


         အခြေခံကွန်ပျူတာသင်တန်းကို ပုဏ္ဏားကျွန်းမြို့ Computer Technology Centre သင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမ ဒေါ်ဝင်းသူဇာနှင့် ဓာတ်ပုံကျွမ်းကျင်(၂) ဦးနီထွန်းအောင်တို့က အခြေခံကွန်ပျူတာပညာရပ်များကို အပတ်စဉ် ကြာသပတေးနေ့မှ စနေနေ့အထိ၊ နေ့လယ်(၁)နာရီမှညနေ့(၄)နာရီအထိ၊ စာတွေ့လက်တွေ့ဖြင့်စနစ်တကျ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသို့ အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၀ ဦးတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ မတ်လ(၁၆)ရက်နေ့မှဧပြီလ(၈)ရက်နေ့အထိ၊ ရက်သတ္တ ပတ်(၃)ပတ်ကြာ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment