Pages

Pages

ဂျာအိုဖီးလစ်အတွက် ရာသီကုန်မှာ အက်သလက်တီကိုနဲ့ ဆွေးနွေးသွားမယ့် ချဲလ်ဆီး



MNP - မတ်  ၉


ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ် ပေါ်တာက တောင်ပံကစားသမား ဂျာအိုဖီးလစ်နဲ့ပတ်သက်ပြီး “သူနဲ့ ကျွန်တော်တို့ အရမ်းပျော်ပါနေတယ်၊ သူ့ရဲ့ ပွဲကို ချဉ်းကပ်ပုံ၊ သူ့ရဲ့ အတွေးအခေါ်တွေက ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ 


ဆက်လက်ပြီး ဂရေဟမ်ပေါ်တာက“သူ့အရည်အသွေးက အရာတွေကို ဖြစ်ပေါ်စေတယ်။ ဂျာအိုဟာ မတူညီတဲ့ နေရာအနည်းငယ်မှာ ကစားနိုင်တာက အရမ်းကို ကောင်းပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ဂျာအိုဖီးလစ်ရဲ့ အငှားစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ပေမယ့် ချဲလ်ဆီးအသင်းဟာ မေလ သို့မဟုတ် ဇွန်လမှာ အက်သလက်တီကို မက်ဒရစ်အသင်းနှင့် စကားပြောသွားမည်ဖြစ်ကြောင်း သိရသည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment