Pages

Pages

ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်း သူ(၁၀၀၆) ဦးဝင်ရောက်ဖြေဆို




MNP ၊ မတ်  ၈

 မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကာတစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ပေါက်တောမြို့နယ်၌ စာစစ်ဌာန(၅)ခုဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြသည်။


ပေါက်တောမြို့နယ်အတွင်းရှိ တက္က သိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်စာရင်းရှိ ကျောင်းသားကျောင်း သူ ၁၁၅၃ ဦးရှိပြီး ယနေ့ မြန်မာစာဘာသာကိုစာစစ်ဌာန(၅)ခု၌ ဝင်ရောက်ဖြေဆိုသူ ၁၀၀၆ ဦး၊ ပျက်ကွက်သူ ၁၄၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပေါက်တောမြို့နယ်အတွင်းရှိ ကျောင်း သားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment