နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆို



MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ ၁၀၈ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာတွင် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ဇီဝဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူ(၃၉)ဦး စာရင်းပေးသွင်းထားပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ(၃၅)ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၈၉ ဒဿမ ၇၄ရာခိုင်နှုန်းရှိကြောင်း၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ(၄)ဦးရှိကာ ပျက်ကွက်ရာခိုင်နှုန်း ၁၀ ဒဿမ ၂၆ရာခိုင်နှုန်း ရှိကြောင်း၊ ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၈၁)ဦး စာရင်းပေးသွင်းထားပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၇၃)ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၀ ဒဿမ ၁၂ရာခိုင်နှုန်းရှိကြောင်း၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ(၈)ဦးရှိကာ ပျက်ကွက်ရာခိုင်နှုန်း ၉ ဒဿမ ၈၈ရာခိုင်နှုန်းရှိကြောင်း၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။


လူမော်

 https://t.me/MyanmarNationalPost\



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)