Pages

Pages

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ တပ်ကုန်းမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုမှု လာရောက် ကြည်ညိုပူဇော်



MNP ၊ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမတို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရဓမ္မာစရိယ မြန်မာစာဂုဏ်ထူးနှင့် ပါဠိပထမပြန် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့် အခြေပြုမူလတန်း ဖြေဆို‌တော်မူကြသည့် ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်ကြီးများကို ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များမှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ 


အဆိုပါ စာမေးပွဲဖြေဆိုတော်မူကြသော ရဟန်း၊ သံဃာ၊ သီလရှင်များ စာဖြေဆိုနေမှုအခြေအနေများနှင့် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော်၊ မြို့နယ်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိနှင့် ရွှေအင်းရိပ်သာကျောင်းတိုက်၊ နိုင်ငံတော်သံဃဗဟိုဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိတို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၁) ဗိုလ်မှူးနိုင်လင်း၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးတို့က လိုက်လံကြည့်ရှုပူဇော်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ကြီးကြပ်ရေးဆရာတော်ကြီးများအား နဝကမ္မ အလှူငွေ ၅၀၀၀၀၀ ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


တင့်တင့်

 https://t.me/MyanmarNationalPost






No comments:

Post a Comment