Pages

Pages

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်မည်


MNP ၊ မတ် ၃

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခု မတ်လအတွင်း နိုင်ငံတကာကုန်သင်္ဘော ၅၅ စင်း ဝင်ရောက် ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ Sealand Maersk Asia သင်္ဘောလိုင်းမှ ၁၀ စင်း၊ VASI Shipping သင်္ဘောလိုင်းမှ ၁စင်း၊ S.I.T သင်္ဘောလိုင်းမှ ၄စင်း၊ MSC Line မှ ၄စင်း၊ Ti2 Container Line သင်္ဘောလိုင်းမှ ၂စင်း၊ Samudera Shipping Line သင်္ဘောလိုင်းမှ ၇စင်း၊ Ever Green Line သင်္ဘောလိုင်းမှ ၂စင်း၊ X-press Feeders သင်္ဘောလိုင်းမှ ၃စင်း၊ P.I.L သင်္ဘောလိုင်းမှ သုံးစင်း၊ New Golden Sea (COSCO) သင်္ဘောလိုင်းမှ သုံးစင်း၊ BLPL Line သင်္ဘောလိုင်းမှ ၂စင်း၊ R.C.L သင်္ဘောလိုင်းမှ ၃စင်း၊ I.A.L သင်္ဘောလိုင်းမှ ၂စင်း၊ Land And Sea သင်္ဘောလိုင်းမှ ၁စင်း၊ CAM -CGM သင်္ဘောလိုင်းမှ ၂စင်း၊ Glod Star Line သင်္ဘောလိုင်းမှ ၄စင်း၊ MTT Shipping သင်္ဘောလိုင်းမှ ၂စင်း စုစုပေါင်း သင်္ဘော ၅၅စင်း ဝင်ရောက် မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာကုန်တင်သင်္ဘော ၅၂စင်း၊ ဖေဖော်ဝါရီလတွင် ၅၁စင်း ဝင်ရောက်ဆိုက်ကပ်၍ ကုန်သွယ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment