၂၀၂၂ခု နှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများတွင် တစ်နှစ်တာပတ်လုံး စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သော ကြက်ခြေနီ စေတနာရှင်သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ခု နှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများတွင် တစ်နှစ်တာပတ်လုံး စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သော ကြက်ခြေနီ စေတနာရှင်သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ


MNP ၊ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများတွင် တစ်နှစ်တာပတ်လုံး စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီ စေတနာရှင်သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (ဂ) ရပ်ကွက်ရှိ မြို့နယ်ကြက်​ခြေနီအသင်းခွဲရုံး ကျင်းပခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်စီမံဦးစီးမှူး ဒုတိယတန်း ဦးတင်ကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက ဂုဏ်ပြုဆုများ ချီးမြှင့် ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။


ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ ဥက္ကဋ္ဌ ဦးမြသန်းက ၂၀၂၂ ခုနှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများတွင် တစ်နှစ်တာပတ်လုံး စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာရှင် သူနာပြုတပ်ဖွဲ့ဝင်များကိုယ်စား မြို့နယ်ကြ က်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ခိုင်အား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ တပ်ဖွဲ့ဝင် (၅၀) ဦးအား တပ်ခွဲအလိုက် တစ်ဦးခြင်းစီ ဂုဏ်ပြုလွှာကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုနောက် လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးဆုရရှိသူများဖြစ်သည့် မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ဒု-တပ်ခွဲမှူးမြင့်ဦး၊ ဒု-တပ်ခွဲမှူး ခင်မူယာသော်၊ တပ်ကြပ်ကြီး အောင်ဆွေ၊ တပ်ကြပ်ကြီး ဇေယျာထွန်းတို့အား တာဝန်ရှိသူများ ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။


မြမြဝင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)