Pages

Pages

ညောင်ဦးခရိုင်၌ အထက်တန်းအဆင့်ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်လှက် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်မှစတင်ပြီး ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)ရှိ ပန်းမျိုးတစ်ရာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား ညောင်ဦးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေး၊ မြို့နယ်ပညာရေးမှူး ဦးဘုန်းမောင်၊ ကျောက်ပန်းတောင်းမြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့်တာဝန်ရှိသူများ ကြီးကြပ်၍သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။


အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းသို့ ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းဆင့်ဘာသာရပ်များ သင်ကြားပေးနေသော ဆရာဆရာမ သင်တန်းသား၊ သင်တန်းသူ အထက်တန်းဆင့် (၄၀၂)ဦး၊ အလယ်တန်း အဆင့်( ၁၀၀၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်မှ မတ်လ ၂၄ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment