Pages

Pages

ရွှေဘို ခရိုင်/မြို့နယ်သစ်တောဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

 


MNP ၊ မတ်  ၂၀

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးလက်​ထောက်ညွှန်ကြား​ရေးမှူး ဦး​အေးမြင့် ဦး​ဆောင်​သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနရှိ ဝန်ထမ်း(၃၅)ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း  သိရသည်။


ဆွေးနွေးပွဲတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများက အများပြည်သူ/ ဝန်ထမ်းများအနေဖြင့် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များ၊ မီးလောင်မှု စတင်ဖြစ်ပွားပါက စိတ်ကိုတည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့နေ့စဉ်အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် ပစ္စည်းများကို မကြာခဏ စစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်မှုရှိသည့် လုပ်ငန်းဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပြသရာ၊ ဝန်ထမ်းများက လက်တွေ့မီးငြိမ်းသတ်နည်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


​ရွှေဘိုခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့်၊ စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်၊ စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများ စသည့်နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost







No comments:

Post a Comment