ဒိုက်ဦးမြို့တွင် "ဇီးရိုးမှဟီးရိုးဖြစ်ခဲ့ကြသည့်ဘီလျံနာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့တွင် "ဇီးရိုးမှဟီးရိုးဖြစ်ခဲ့ကြသည့်ဘီလျံနာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP   -   မတ်   ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လင်းလင်းထွန်း "ဇီးရိုးမှဟီးရိုးဖြစ်ခဲ့ကြသည့်ဘီလျံနာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး‌ဒေါ်ဆွေသက်​အောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Women Clubအဖွဲ့ဝင် ဒေါ်ဝင်းအေးကျော်က ချုံကြားမှဘုံဖျားသို့စာစု၏မှတ်သားစရာများ၊ Youth Club အဖွဲ့ဝင် ဦးစိုင်းကျော်လင်းက အသက်၂၆နှစ်အရွယ် သန်းကြွယ်သူဌေးဖြစ်လာသူ Adam Khoo‌ ပြောပြသည့် ကြွယ်ဝချမ်းသာရေးနည်းလမ်းများ၏ စာစု၊ Woman Club အဖွဲ့ဝင် ဒေါ်နီနီစိုးက ဇီးရိုးမှဟီးရိုးဖြစ်လာခဲ့ကြသည့် ဘီလျံနာသန်းကြွယ်များ၏ စာစုပါအချက်အလက်များ စသည့်အချက်များစွာကို ဖတ်ကြားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)