Pages

Pages

ဘိုင်ယန်မြူးနစ်ကို အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားလာတဲ့ အမ်ဘာပေ



MNP - မတ်  ၇


PSGအသင်းတိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ဘိုင်ယန်ုမြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိပ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်နဲ့ပတ်သက်ပြီး “ကျွန်တော်  ဘိုင်ယန်မြူးနစ်ပွဲမှာ ဒီထက်မက ဂိုးတွေသွင်းပြီး အသင်းကို ကယ်တင်ဖို့ကြိုးစားသွားပါမယ်၊ကျွန်တော်တို့ အဲ့ဒီကိုသွားပြီး အနိုင်ရဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ သက်သေပြသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကိုင်လီယန် အမ်ဘာပေက “ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ အခု ကျွန်တော်တို့ ယုံကြည်မှုတွေ ပြန်ရလာပြီး အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်





No comments:

Post a Comment