မောက်မယ်မြို့နယ်၌ ရုမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ ရုမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ ကျင်းပ




MNP ၊ မတ်  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းကျောင်းဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြီးမှူးကျင်းပသည့် ရုမ်းရိုးရာစုပေါင်းရှင်ပြုရဟန်းခံပွဲကို မတ်လ ၁၈ ရက် နေ့နံနက်ပိုင်းတွင် ရှင်လောင်းအကြိုပွဲကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ကျိုင်းကျောင်းဆရာတော်ဘုရားထံ ရတနာ သုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ အဆိုပါပွဲတော်တွင် ရှင်သာမဏေလောင်း (၁၈)ပါးကို အလှဆင်ပြီး ပုခုံးပေါ်ထမ်း၍ ဒေသခံ တိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်များဖြင့် ပျော်ပျော်ရွင်ရွင်ဆင်နွဲခဲ့ ကြသည်။ ရှင်လောင်းပွဲတော်ကို  မတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ လေးရက်တာ ဖိတ်ကြား ထားသော ဒေသခံပြည်သူများသာမက ရပ်ဝေးရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့်ဧည့်ခံကျွေးမွေးကြပြီး ယနေ့ညနေ၄နာရီတွင် အလှဆင်ထားသည့် ရှင်သာမဏေ လောင်းများ ၊ လှူဖွယ်ပစ္စည်းများ ၊ ပဒေသာပင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်ဗုံမောင်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ပေါ်ရပ်ကွက်အတွင်း အလှူလှည့်လည်မည်။ (၂၁)ရက်နေ့နေ့လယ်(၂)နာရီ ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်းတွင် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ် ရဟန်းဘဝသို့ သွပ်သွင်းပြီး ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များထံတွင် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ မည်ဖြစ်ကြောင်း သိရသည်။    


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)