Pages

Pages

တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်




MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်း တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ဌာန ဆိုင်ရာများက ကုလားရောင်ကျေးရွာနှင့်ခေါင်းလောင်းတူကျေးရွာများရှိပြည်သူလူထုများ နှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးပြီးပြည်သူများ၏ပြန်လည်ဆွေးနွေး တင်ပြချက် များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့သည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တောင်ရွာ ကျေးရွာမှခေါင်းလောင်းတူကျေးရွာသို့ 11- KV (၆.၂)မိုင်ဓာတ်အားလိုင်းသွယ်တန်းထားရှိမှုအခြေအနေ ၊ ခေါင်းလောင်းတူကျေးရွာတွင် ငွေဝန်းမြင့်မော် ကုမ္ပဏီ မှ တာဝန်ယူတည်ဆောက်နေသော Steel Structure(၁)ထပ်ကျောင်းဆောင်၏(၇၅)ရာခိုင်နှုန်းပြီးစီးမှုအခြေအနေ၊ဆိပ်ခံတံတားသစ် ဆောက်လုပ် လိုသည့်နေရာနှင့်မူလဆိပ်ခံတံတားတည်ရှိရာနေရာ ၊ ခေါင်းလောင်းတူကျေးရွာမှ ကုလားရောင်ကျေးရွာ သို့ 11- KV (၂.၅)မိုင်ဓာတ်အားလိုင်းသွယ်တန်းထားရှိမှုအခြေအနေနှင့်ကုလားရောင်ကျေးရွာ ကမ်းပါး ပြိုကျ သည့် နေရာများသို့သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment