Pages

Pages

မက်မန်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်



MNP  -   မတ်လ ၁

ရှမ်းပြည်နယ်(အရေှ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့သည်။


ထိုသို့ ပေးအပ်ရာတွင် မက်မန်းမြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ အေးကျန့်ကျေးရွာ၊ ငှက်ယောင်း ကျေးရွာ၊ ဝိန်းနောင်ကျေးရွာ၊ မန်ဝိန်းကျေးရွာ၊ ကောင်းစန်းကျေးရွာ၊ ဝမ်းစလောင်းကျေးရွာ၊ ရောင်အူ(ဝ)ကျေးရွာ၊ နမ့်တော်ကျေးရွာ၊ တာကော်လေးကျေးရွာ၊ မင်းရန်အောင်ကျေးရွာ၊ ဆွတ်ဝိုးကျေးရွာနှင့် ပန်ဖိန်းကျေးရွာများမှ အသက်(၈၅)နှင့်အထက် အသက်ကြီးဘိုးဘွား(၂၃၉)ဦးအား တစ်ဦးလျှင် လူမှုရေးပင်ကျပ်(၃၀၀၀၀)နှုန်းဖြင့် အဘိုး(၁၀၆)ဦး၊ အဘွား(၁၃၃)ဦး၊ စုစု‌ပေါင်း(၂၃၉)ဦးအား လူမှုရေးပင်စင်စုစုပေါင်းငွေကျပ် (၇၁၇၀၀၀၀)အား ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment